4.0.3 တင်ထားတဲ့ Huawei C8812 ကို အမြစ်တူးမယ် (Root) ပြီးရင် မြန်မာ Font သွင်းမယ် (Huawei U8861, U8818)
Huawei C8812 ကို အမြစ်တူးဖို့ပါ။ မြန်မာဖောင့်မြင်ရဖို့အတွက်က Huawei မှာ အမြစ်တူးမှ ရမှာပါ။
အမြစ်တူးဖို့ရယ် မြန်မာစာထည့်ဖို့ရယ်အတွက် လိုအပ်တာလေးတွေ ဒေါင်းပါ။
>> Download Huawei USB Driver << (1.72 MB)
>> Download Huawei U 8661 Super Root << (6.09 MB)
>> Download Font Changer << (2.02 MB)
အကုန်ဒေါင်းပြီးသွားပြီဆိုရင်တော့ ဖုန်းမှာ USB Debugging ရယ် Unknown Source ရယ် ကို အကုန်အမှန် ခြစ်ပြီးသားဖြစ်ပါစေ။ fast boot ကိုလည်း off လုပ်ထားပါ။
ကဲ ... စပါမယ်။ အရင်ဆုံး ဖုန်းကို ပါဝါပိတ်ပါ။
ပြီးရင် အောက်က အဆင့်တွေအတိုင်း အဆင့်ဆင့်လုပ်ပါ။
- Volume Down + Power နှိပ်ပါ။
- ပြီးရင် USB နဲ့ PC ကိုချိတ်လိုက်ပါ။
- Recovery Super Click.zip ကိုဖြည်ပြီး install-superrecovery-windows.bat ကို Run လိုက်ပါ။
- ပြီးရင် Battery ဖြုတ်ထည့်လိုက်ပါ။
- Battery ပြန်တပ် Volume Up+Power နှိပ်ပါ။ Android လေး ပေါ်ပြီးခဏနေရင် Recovery Mode ထဲရောက်သွားပါမယ်။
- အဲ့ထဲက (Recovery Mode ထဲက) Reboot System Now ကိုရွေးပေးလိုက်ပါ။
- ဒါဆိုရင်တော့ သင့်ဖုန်းကို Root လုပ်ပြီးသားဖြစ်လို့ superuser လေးကို application တွေထဲမှာ တွေ့ရမှာပါ။
- ဒါဆို ဆက်ပြီး မြန်မာဖောင့်ထည့်ဖို့ပဲ ကျန်ပါတော့တယ်။
- Font Changer.apk ကို ဖုန်းထဲမှာ Install လုပ်ပါ။
- ပြီးရင် Font Changer ကိုဖွင့်ပြီး ZawGyi Font ပြောင်းရန်ကို နှိပ်လိုက်ပါ။
- Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် မြန်မာဖောင့်ရပါပြီခင်ဗျားးးးး
အဆင်မပြေရင် Comment တွေပေးခဲ့ပါနော် ...
No comments:
Post a Comment