Wednesday, October 31, 2012
ဟက္ကာဖြစ်ချင်သူများအတွက် လမ်းညွှန်
ဟက္ကာဖြစ်ချင်သူများအတွက် လမ်းညွှန်
ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး။ တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံး အခြေအနေအထိကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်။ တကယ့် ဟက်ကာ အစစ်တွေ က သူတို့ကိုယ်သူတို့ ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်။ security တွေကို ချိုးဖောက်ကျော် လွန်ပြီး ၀င်ရောက်နိုင်ရုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး။
ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ့စာလုံးကို သုံးပြီးတော့ပဲ အဲဒီ ခရက် ကာတွေအကြောင်းကိုတွင်တွင်ကြီး ဖော်ပြနေတော့တာပါပဲ။ အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်။ သူတို့ကြားက အခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ် အများစုနားလည် ထားကြသလိုပါပဲ။ Hackers build things, Crackers break them  ပဲဖြစ်ပါတယ်။
ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါတယ်။ ပြသနာတွေကိုဖြေရှင်းပြီး အသစ် အသစ်တွေ ဖန်တီးတဲ့၊ တည်ဆောက်တဲ့ သူတွေမှသာ ဟက်ကာတွေပါ။ အင်တာနက်ကို ဖန်တီးခဲ့တဲ့သူတွေ၊ Operating System ကိုဖန်တီးခဲ့တဲ့သူတွေ၊ world wide web ကိုသက်ဝင် လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက် ကာတွေပေါ့။  ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုး တွေပါ။ ဟက်ကာဖြစ်  ချင်ရင် အဲဒီစိတ်ဓာတ်မျိုး ရှိဖို့လိုပါပြီ။
တကယ်ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့။ ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကို အတုခိုး ရမှာပေါ့။ ပညာရပ်ပိုင်းမှာသာမကဘဲ စိတ်ပိုင်း ဆိုင်ရာ လည်း လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့ကမ္ဘာကြီး ဟာ   ဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့ စိတ်ဝင်စားစရာပြဿ နာတွေ နဲ့ နေ့တိုင်းပြည့်နှက်နေပါတယ်။ ဟက်ကာဖြစ် ဖို့အတွက် ပြသနာတွေဖြေရှင်းရခြင်းအပေါ် ပီတိဖြစ်တတ်ရ မယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း ချွှန်မြနေအောင် သွေးနေရမယ်။
ကိုယ့်ပညာကို အမြဲတမ်း လေ့လာနေရပါမယ်။ သင်တစ်ခုခုလုပ်တဲ့ အခါမှာဖြစ်ဖြစ်၊ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုတော့ ထားရှိဖို့လိုပါလိမ့်မယ်။ ပြသနာတစ်ခုကို ဖြေရှင်းတော့မယ် ဆိုရင် အဲဒါနဲ့ ပတ်သက်ပြီး အားလုံးကိုသင်သိထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့  တစ်စိတ်တစ်ပိုင်းတော့ သင်သိထားရပါလိမ့်မယ်။ အဲဒီ တစ်စိတ်တစ်ပိုင်း လေးကနေ ဆက်ပြီးလေ့လာရင်း၊ လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်း ပိုမိုနားလည်လာ ကာ   နောက်ဆုံးမှာတော့ အောင်မြင်သွားမှာပါ။  Hacking အတွက် လိုအပ်ချက်များ (သို့) လေ့လာသင့် သည် များ   ဟက်ကာတွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်။ သူတို့အပေါ် အာဏာလာပြတာ ကို   ယေဘုယျ အားဖြင့်မနှစ်သက်ကြပါဘူး။ ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်။ သူတို့က အတူတကွပူးပေါင်း လုပ်ဆောင်ရတာ ကို နှစ်သက်ကြတဲ့ သူတွေပါ။
အဲဒီစိတ်ထားမျိုးလေးလည်း ရှိရပါမယ်။ အထက်က စိတ်ထားမျိုးတွေ၊ အမူအကျင့်တွေ ရှိပြီးရင်တောင်မှ ဟက်ကာ မဖြစ်သေးပြန်ပါဘူး။ ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာ အာရုံ စူး စိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။ Attitude တွေက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်က သင့်ကို ဟက်ကာ တစ်ယောက်လို့ ခေါ်စေဖို့ ၊ သက်မှတ်လာစေဖို့ အတွက် သင်လုပ်ရဦးမယ့်အခြေခံအကြောင်းအရာလေးတွေပြော  ချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါက ဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိဘဲနဲ့တော့ ဘယ်လို ဟက်ကာဖြစ်ပါ့မလဲ။  ဘာ language မှ မတတ်သေး ဘူးဆိုရင် Python ကို စလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့ သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် အသင့်တော်ဆုံးဖြစ်သလို  powerful လည်းဖြစ်ပါ တယ်။
ပရောဂျက်ကြီးကြီးမားမားတွေကိုလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ၊ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ C ပါ။ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင် တစ်ခုခုကို ကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင် လွယ်တယ်လို့ မရှိပါဘူး။ ဟက်ကာတွေအတွက်အရေးကြီးတဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်တတ်ဖို့တော့လိုပါလိမ့်မယ်။တကယ်တော့ အားလုံးလေ့လာထားတာ အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချဉ်းကပ်ကြည့်တာပေါ့ ။အဲဒါအားလုံးက သင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ရုံနဲ့ လည်း မဖြစ်သေးပါဘူး။ Language တွေအပေါ်မှာ မှီခိုမှုမရှိဘဲ  ပြသနာတွေအပေါ်မှာ စဉ်းစားနိုင်ဖို့ လည်းလို ပါသေးတယ်။ သိပြီးသား concept တွေကို ဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကို အသစ်ထပ်လေ့ လာရင် ရက်အနည်းငယ်လောက်နဲ့ နားလည်နိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှ language တွေအားလုံး တတ်မြောက်ထားတယ်ပေါ့။ ရက်အနည်းငယ်နဲ့ တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲ။
programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာ ခက်ခဲ့ပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ open source နဲပါတ် သက်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင် အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes၊ ဒါမှ မဟုတ်ရင်လည်း OpenSolaris တစ်ခုခုကို သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။
 သြော် သင်က Windows က ဘာဖြစ်လို့လဲလို့မေးတယ်လား။ သူက binary တွေနဲ့ distribute လုပ်ထားတာလေ။ Code တွေမှ ဖတ်လို့မရတာ။  ပြင်လို့လည်းမရဘူးလေ။ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာရမယ်ဆိုရင် အလွယ်ကူဆုံး အနေနဲ့ Linux ကိုသာ ကောက်ကိုင်လိုက်စမ်းပါ။ မပူပါနဲ့ ။ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့ လည်း တွဲတင်ထားလို့ရပါတယ်။ ကဲ အခုချက်ချင်း Learn it , Run it နော်။ ကလိတော့နော်။ အင်တာနက် ကို လည်း အပီ မွှေနှောက်တော့နော်။ အသိပညာ ဗဟုသုတအသစ်တွေကို အရသာ ခံပြီးတော့ လေ့လာ သင်ယူ လိုက်စမ်းပါ။ Beginner တွေအတွက် အသင့်တော် ဆုံးက Ubuntu ဖြစ်လာနေပြီ။  ကြုံတွေ့ရ မယ့် ပြသနာတွေ အတွက်လည်း မပူပါနဲ့။ သင့်ကိုကူညီ မယ့်သူတွေ အများကြီးရှိနေတယ်လေ။
ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုက World Wide Web ကြီးပဲ ဖြစ်ပါတယ်။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်။ HTML ရေးတတ်ဖို့တော့ အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကို စလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေ ရစေပါတယ်။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီကို ကူးကြည့်။ ဒါလောက်နဲ့တော့ ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခု ရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့ စကားလုံးနဲ့ သင်နဲ့ အဝေးကြီး ကျန်ပါသေးတယ်။ ဘာလို့လဲဆိုတော့ Web ပေါ်မှာ website တွေ များ လွန်း လို့။ ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ၊ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကို ကောင်းကောင်းထည့်ရမယ်။ စိတ်ဝင်စားစရာကောင်းအောင် ရေးရမယ်။
ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ။ သင့်ရဲ့ English စာ တတ်မြောက်မှုအဆင့်အတန်းက စကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲ လွမ်းမိုးထားဆဲဖြစ်ပါတယ်။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့ အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာ အမှန်ပါပဲ။
အဓိကအကြောင်းအရာကတော့  အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာ အဆင်ပြေ တာများပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တ ကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာ ပါလာမယ့် comment တွေ ကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာဟာ သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက်တောင်မှ တစ်ခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိထားရပါမယ်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး၊ သတ်ပုံအမှားကလည်း များမှများဆိုရင် ဘယ်ဟက်ကာကမှ သင့်ရေးတာကို ဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ။
Hacking ယဉ်ကျေးမှု Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကို သင် ကဖြေ ရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်း အသင်းတွေ၊ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ် ထားတာဆိုရင် အဲဒါက သံသယဖြစ်စရာ ကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။
သင့်ရဲ့ တတ်မြောက်မှုကို အခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့ တခြားသူတွေကို ကူညီ ဖို့လိုပါတယ်။ Open Source Software တွေ ရေးကိုရေးရပါမယ်။ အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီး ရင်လည်း တခြား ဟက်ကာတွေ၊ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ Soruce တွေကို ချပြရ ပါမယ်။ အဲဒီ Software မျိုးကို လူတွေက Free Software လို့ခေါ်တတ်ကြပါတယ်။
တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းမှတ်တမ်းထဲမှာတော့ 1996 ခုနှစ်ပိုင်း လောက်အထိ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 ခုနှစ် နောက်ပိုင်းကျမှ ဒီ Culture က ပြောင်းလဲလာတာလို့ ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ် ရင်တော့ ကူညီရေးသားခြင်းကနေ အစပြုသင့်ပါတယ်။ သင်စိတ်ဝင်စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကို ကူညီစမ်းသပ်ပေးမယ်။ ကူညီပြီး အမှားရှာပေးမယ်။ ကူညီပြီး modify လုပ်ပေးမယ်၊ အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီး သင်သိလာပါလိမ့်မယ်။ နောက်တစ်ခု အရေးကြီးသေး တာက  ဥပမာ FAQs  လိုဟာမျိုးတွေ သင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကို လူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ ရှိလေ့မရှိပါဘူး။ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစား ပေးပါတယ်။
Hacker Mindset (သို့) Hacker တစ်ယောက်ရဲ့ အမူအကျင့်များ
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင် စွာ ရေး သားပြောဆိုနိုင်ရပါမယ်။  ဟက်ကာ တွေဟာ စာအရေးအသား အင်မတန်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ကရာတေး၊ တိုက်ကွန်ဒို၊ ကွန်ဖူးတွေလေ။ သေနတ်ပစ် တာလည်း ကောင်းပါတယ်။ တေးဂီတကိုလည်း ခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကို တီးတတ် ရင် ကောင်းပါတယ်။
ဒါတွေက အရမ်းကြီး အရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ဟက်ကာအများစုဟာ အများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာ လည်း ကျွမ်းကျင်သူတွေပါ။ System Administration, web design ၊ ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလည်း  Skill ကောင်းကောင်း ရှိပါတယ်။ ဒါပေမယ့် သူတို့တွေ က ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်။ သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ဒါဆိုရင်တော့ Hacking အကြောင်းက တော်တော် ပြည့်စုံနေပြီလို့ထင်ပါတယ်။
သင်တို့အနေနဲ့လည်း ဟက်ကာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အဓိကက အမှန်အကန် ဟက်ကာ တစ်ယောက် လို ကျင့်ကြံဖို့ရယ်၊ အများကို ပြန်လည်မျှဝေမှသာလျှင် လူတကာလေးစား အားကျရတဲ့ ဟက်ကာ တစ်ယောက်ဖြစ်လာမယ် ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။
အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် .. သူရ
မိမိကွန်ပြုတာသို့ မသမာနည်းဖြင့်ဝင်နိုင်သော ၀င်ပေါက်များ
မိမိကွန်ပြုတာသို့ မသမာနည်းဖြင့်ဝင်နိုင်သော ၀င်ပေါက်များ
ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက် လက်များ နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေးတာပါ ။
ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသောအားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာသာမကအစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။
ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများထဲမှ အမေရိကန် အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr . Max Bulter ပဲဖြစ်ပါတယ်
အီလက်ထရောနစ် ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက်ရဲ့ ၀င်ငွေကို ခန့်မှန်းကြည်မယ်ဆိုပါကသင်တို့ အနည်းငယ် အံသြနိုင်ပါ တယ် နိုင်ငံတစ်ကာ မှာရှိတဲ့ လက်ဆော့ချင်နေတဲ့ လူငယ်တွေProgrammer တွေ ကို သူက တစ်ယောက်စီ စုစည်းခဲ့ပြီး နည်းပညာ မျှဝေလို့ ခိုးယူခဲ့ကြရာမှာ
1. email & Password များ
2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ
3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ
4. Software များ၏ လိုင်စင် ကီးများ
5. နိုင်ငံတော် လျှို့ဝှက်ချက်များ
6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ
ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် ..ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့ သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ
ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင် တယ် ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ် အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရ တာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ
1.UNTRUSTED WEBSITE
Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ   ဗြောင်ဖြစ် သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ..ထိုသို့ ၀င်ရောက်မှု့ကို အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....ဖြစ်လာမည့် ကိစ္စတွေက
  • ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊
  •  
  • ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ် ၊
  •  
  • ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ်
  • နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ်
ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ် ..ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များသေချာ စွာ ထည့်သွင်းအသုံးပြုထားပါက အတော်အတန် စိတ်ချရပါတယ် ......
မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ် .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် .....
သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် .....
2.လင့်များ ကလစ်မိခြင်း
ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့
လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ...
ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက်
ရှိပါတယ်Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ် သာလိုအပ်ပါတယ်။
တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါကပြင်းထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို အများဆုံးရောက်ရှိလာတာက ၀င်စာများပဲဖြစ်ပါတယ် ....Email ကနေ မရင်းနှီးတဲ့ သူတွေက ပုံပို့လိုက်တယ် ကြည့်ပါသင့်အတွက် e-card ပို့လိုက်တယ် ။ သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကိုသင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်ကလစ်နေ လျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။
ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန်
ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတဲ့
ှSocial Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက
ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား
သူတို့ ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် ....
Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ ...
နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို
သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ......
သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။
3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ
ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ်
  ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ...
အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်ဂိတ်ပေါက်သာ ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကိုသတိထားရန်လိုအပ်ပါတယ် ............
သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။
ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ်
4. Software Key Gen များ
နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေ ရာမှာလည်းKey Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ...
အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ် ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် ..
သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်း ဆုံးက မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။
5. Desktop Gedgets များ (Widgets)
ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊ နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Applications များပင်ဖြစ်ပါတယ် ....
ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ...
သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန် လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........
ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံ သည်လည်းနောင်တစ်ချိန် အင်တာနက် တွင် ဈေးဝယ်နိုင်သောကဒ်များ ပေါ်လာမည်မှာ မလွဲပါထိုသို့သော အချိန်အတွက် ကျွန်တော်တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက
ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအားထိန်းသိမ်း တတ် ရန် လိုအပ်ပါတယ် ....
ကျွန်တော် နောက်ဆုံး အကြံပြုချင်တာက လိုင်စင်မပါသော Software များမှ တော်တော်များများသည် တရုတ် Hacker များထံမှ ဆင်သက်လာသော အရာများ ဖြစ်ပြီး ထိုအရာများတွင် ပါဝင်သော Key Gen များသည် သူတို့အတွက် လက်ဆော့နိုင်သော Phasing များဖြစ်ကြောင်း ကိုယ်တွေ သိရှိပြီး အသိပေးရုံမျှမက မည်သည့် အရာမဆိုလိုင်စင်နံပတ် ဖြင့်လည်ပတ်နေသော 3rd generation pattern ကာကွယ်မှု့ထားနေသည့် ယနေ့ နည်းပညာလောကတွင်
အွန်လိုင်းပေါ်မှ အလကားရသော Software များသည် စိတ်ချရမှု့ ရာခိုင်းနှုန်းလွန်စွာနည်းပါကြောင်း အထူး သတိပေးရင်း တစ်နှစ်ပြည့် အင်တာနက်သုတ ဘလော့ အမှတ် 2 ကို အဆုံးသတ်ပါတယ် ။
ကမ္ဘာ့အကောင်းဆုံး Free Game Download Website များ
ကမ္ဘာ့အကောင်းဆုံး Free Game Download Website များ
ယနေ့ခေတ် IT ကမ္ဘာက လူငယ်များအတွက်ကတော့ Game ဆိုတာဟာ ပြောစရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ အသည်းစွဲပါ။ X Box, Wii Game, Sony, Apple i-pod, Apple i-pad စတဲ့ Digital Device မျိုးစုံနဲ့။ Gamming Adventure တွေကြားမှာ မွေးဖွားလာကြတဲ့ Digital Generation လူငယ်များအတွက် ဒီတစ်လ Inernet Travelling ကဏ္ဍမှာ Internet ပေါ်က ကမ္ဘာ့အကောင်းဆုံး Free Game Download Website များကို တင်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
1. http://games.yahoo.com
အင်တာနက်ပေါ်မှာရှိတဲ့ content မှန်သမျှကို Provide လုပ်ပေးနေ တဲ့ Leading Internet Content Provider ဖြစ်တဲ့ Yahoo! Website ဟာ Free Game Download နဲ့ ပတ်သက်ပြီးတော့လည်း ကမ္ဘာ့အကောင်း ဆုံး Website တစ်ခုပါတဲ့။ ဒီဆိုဒ်ပေါ်မှာ Free Game မျိုးစုံသာမက Puzzle Game, Card game စတဲ့ Paper Based Game မျိုးစုံကိုလည်း Download ရယူနိုင်ပါသတဲ့။
2. www.gamezone.com
ဒီဆိုက်မှာလည်း Game နဲ့ ပတ်သက်တဲ့ Review (သုံးသပ်ချက်) တွေ၊ News Releases တွေ၊ Special Passwords တွေ စတဲ့ Gamming Services တွေအားလုံးကို ရနိုင်တဲ့ အပြင် PC, PS2, PS 3, XBOX, PSP, GBA, DS, Mobile, WII, MMPOG စတဲ့ Devices အစုံအလင်အတွက် Game ပေါင်းစုံကို တစ်နေရာထဲမှာ Download ရနိုင်တဲ့အတွက် PC Gammer တွေ အထူးအကြိုက်တွေ့ မယ့် Website တစ်ခုပါ။
3. www.gamespot.com
ဒီ Site မှာလည်း gamezone တုန်းကလိုပဲ device အစုံအတွက် Game Download ရယူနိုင်တဲ့ အပြင် ထူးထူးခြားခြား i-phone တွေ i-pad တွေအတွက်လည်း ထိတွေ့ခံစားမှုနဲ့ ဆော့လို့ရတဲ့ Touch Game တွေ Download ရယူလို့ရပါတယ်။ နောက် ဒီ Site ပေါ်မှာ Game နဲ့ ပတ်သက် တဲ့ Latest Headlines တွေကိုလည်း ဖတ်ရှုလို့ ရပါသေးတယ်။
4. www.games.com
ဒီ Site ကို ၀င်ဖို့ကတော့ User Name, Password ပါတဲ့ Account တစ်ခု ဖန်တီးဖို့ ပထမဆုံး လိုပါ တယ်။ ဒီ Site မှာလည်း Game မျိုးစုံ ကို Free Download ရနိုင်တဲ့အပြင် ထူးခြားတာက။ Gamming နဲ့ သက် ဆိုင်တဲ့ Technology Fourm တွေမှာ လည်း ၀င်ရောက် ဆွေးနွေးပြီး အသိပညာ ဖလှယ်နိုင်ပါသေးတယ်။
5. http://zone.msn.com
Online လောကရဲ့ နာမည် ကြီး msn ရဲ့ msn games site မှာ လည်း startegy, Action စတဲ့ High Definition, High Graphic Game မျိုးစုံ ကို Download ရယူနိုင်ပါတယ်။
6. www.gamespy.com
ဒီ Site မှာလည်း Game မျိုး စုံ၊ Game နဲ့ ပတ်သက်တဲ့ Review မျိုးစုံ၊ Guide မျိုးစုံကို Download ရယူ နိုင်ပြီး ထူးခြားတာက Religion's Role in Gamming တို့လိုမျိုး ထူးခြားတဲ့ Topic ကလေးတွေကို ဒီ Site ပေါ် မှာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးတယ်။
7. www.hotgames.com
ဒီ site ကတော့ Free Game Download နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ဒုတိယအကောင်းဆုံး Web-site တစ်ခုပါ။ ဒီဆိုဒ်ရဲ့ Home Page မှာ Selection Popular Games တွေကို Download ဆွဲလို့ ရသလို၊ Website တစ်ခု ဖန်တီးဖို့အတွက် Free Hosting, 300 Free templates, Free Homepage စတာတွေကိုလည်း Download ရယူနိုင်ကြပါတယ်။ ဒါ့ အပြင် သူ့ဆီမှာလည်း Arcad Games, Card Games, Puzzles, Sports Games, Word Games အစုံ အလင်ကိုလည်း Free Download ရ ပါသေးတယ်။
8. http://videogames.yahoo.com
ဒါကတော့ ခုနက ကမ္ဘာ့ အကောင်းဆုံး Yahoo! Website ရဲ့ Video Games သီးသန့် Free Download Selection Site ပါ။ Video Game မျိုးစုံကို Download ရနိုင်ပါ တယ်။
9. www.gamehippo.com
ဒီ Site မှာတော့ ပေါ့ပေါ့ပါးပါး အသေးစား Flash Game ကလေး တွေရယ်၊ ကလေးတွေအကြိုက် Baby Game, Funny Game လေးတွေ မျိုးစုံကို အခမဲ့ ရယူနိုင်ကြပါတယ်။
10. www.softwarearchives.com
ဒီ Site ကတော့ Game အကြီးစားကြီးတွေကို Download လုပ်လို့ရမှာ မဟုတ်ပဲ၊ Cell Phone, Pocket PC, Tablet စတဲ့ Small Screen Devices များအတွက် ရည်ရွယ်တဲ့ Game တွေကို Download ရယူနိုင်ကြမှာ ဖြစ်ပါတယ်။
Network ပေါ်မှာ Meeting လုပ်ကြစို
Network ပေါ်မှာ Meeting လုပ်ကြစို့ 
by ကွန်ပျူတာနည်းပညာ on Wednesday, October 31, 2012 at 2:19pm ·
Network ပေါ်မှာ Meeting လုပ်ကြစို့ 
  By.....san min aung
ဟဲ..ဟဲ...Network ပေါ်မှာ meeting လုပ်မယ်ဆိုလို့ တော်တော်စိတ်ဝင်စားသွားတယ်ထင်တယ်။ဟုတ်တယ်....တကယ်ကိုလုပ်လို့ ရပါတယ်ဗျာ။ Network ပေါ်မှာ meeting ထိုင်လို့ ရပြီးကိုယ့်တွေ meeting လုပ်နေတဲ့အကြောင်းအရာနဲ့ အချက်အလက် ( Data ) တွေကို ပါပို့ လို့ ရပါတယ်။ စိတ်ဝင်  စားသွားပြီဟုတ်....မညာပါဘူးဗျာ။ အဲ...တစ်ခုတော့ရှိတယ်...ခုသုံးနေတဲ့ windows 7 တွေမှာတော့ build-in မပါဘူးနော်။ windows XP မှာတော့ default ပါပါတယ်။ Windows 7 မှာသုံးချင်ရင်တော့ add-on အနေနဲ့ ထပ်ထည့်ပေးရပါတယ်။ ဒါကတော့ ဒါလေးသုံးဖို့ requirement ပိုင်းဖြစ်ပါတယ်။
တစ်ခုရှိတယ်ဗျ။ကျွန်တော်တို့ ဟာ အဆောက်အအုံတစ်ခု (သို့ ) LAN တစ်ခုအတွင်းမှာတော့ရှိရပါလိမ့်  မည်။ ဆိုလိုတာကအပေါ်ထပ်တို့ ..အောက်ထပ်တို့ ဘယ်လိုပဲခြားနေပါစေ...LAN တစ်ခုအတွင်းမှာရှိတယ်၊နောက်ပြီး PC တွေက windows XP တွေဖြစ်မယ်ဆိုရင်ဒါလေးကို ဘာမှထပ်ထည့်စရာမလိုပဲသုံးလို့ ရပါ လိမ့်မယ်။ရပြီနော်...ဟုတ်ပြီ...software နာမည်က Network ပေါ်မှာ meeting လုပ်တာမို့ လို့ Netmeeting လို့ ခေါ်ပါတယ်။ Microsoft Platform မှာအသုံးပြုနိုင်ပါတယ်။ အခြား Platform တွေနဲ့ နောက် External တော့မစမ်းကြည့်ဖူးသေးပါ။ Local မှာတော့အဆင်ပြေပါတယ်။ ဒါကြောင့်ဒါလေးကို   ရေးသားလိုက်ရတာဖြစ်ပါတယ်။..
စသုံးဖို့ Run ကနေ conf ရိုက်ပြီး Enter ခေါက်လိုက်ပါ။တစ်ခါမှ install လုပ်ထားတာမဟုတ်ရင် install လုပ်ခိုင်းပါလိမ့်မယ်။စိတ်မပူပါနဲ့ ..ခဲရာခဲဆစ်မဟုတ်ပါဘူး။ installer cabinet file ပါ windows မှာရှိပြီး သားပါ။ Next ...Next နဲ့ Finish သွားပါမယ်။
ဒါမျိုးလေးတွေပေါ်လာရင် Next...Next...နဲ့ ပဲသွားလိုက်ပါ  တကယ်လို့ Domain ချိတ်ချင်ရင်တော့ အနီရောင်ပြထားတာလေးကို click ပေါ့...မချိတ်ထားဘူးဆိုရင် click မနှိပ်ပါနဲ့ 
နောက်အဆင့်က Cable,XDSL,ISDN ထဲကတစ်ခုခုကိုယ်ချိတ်ထားတဲ့ Cable ကိုရွေးပေးပါ။ ပြီးရင် next .. next နဲ့ သွားလိုက်ရင်ပြီးသွားပါပြီ။ တကယ်လို့ install လုပ်ပြီးလို့ အဆင်မပြေဖြစ်နေသေးရင်တော့ Start > Run> conf ကိုသွားပြီး setting ကိုကိုယ်သုံးထားတဲ့ internet line နဲ့ Hardware တွေ services တွေ
မှန်မမှန်ပြန်စစ်ပါ။ အဆင်ပြေစေနိုင်ဖို့ IT နဲ့ တိုင်ပင်ပြီးလုပ်နိုင်ပါတယ်။
ခုနက install လုပ်တာပြီးသွားပြီ...စမ်းတာလည်းအဆင်ပြေတယ်ဆိုရင်ဒီလိုမျိုးလေးပေါ်လာပါမယ်။
ကဲ..ဒီနေရာမှာနောက်စက်တစ်လုံး windows xp ပဲပေါ့။အဲဒီလိုနည်းနဲ့ netmeeting ကို Install လုပ်ပါ။
 အရေးကြီးတာက netmeeting သုံးမယ့်စက်တိုင်းမှာ netmeeting ကိုထည့်ထားဖို့ လိုပါတယ်။  ပြီးရင် ကိုယ့်စက်ကနေ သူ့ စက်ကို ဒီလို ခေါ်ပြီး
call ခေါ်ကြည့်လိုက်ပါ။ ဒါမှမဟုတ် chat ကြည့်လိုက်ပါ။ ပြီးရင် file transfer တို့ ဘာတို့ စမ်းကြည့်လိုက်ပါ  ဦး။ ခုခေတ်လူ တွေကတော့ IT နဲ့ သိပ်မစိမ်းတော့ကလိပုံကလိနည်းတွေကိုသိပ်မပြောတော့ပါဘူး။ စမ်း  ကြည့်လိုက်ပါ။ အင်တာနက်မလိုပဲနဲ့ chat ပြောလို့ ရတယ်ဆိုပြီးလုပ်ချင်လည်းလုပ်ပေါ့ဗျာ။ ဟဲ..ဟဲ...
အားလုံးပဲပျော်ရွှင်ပြီး...Network နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကြွယ်ဝတိုးတက်ကြပါစေဗျာ။
ဆော့ဝဲလ်မလိုဘဲ ဒေါင့်လော့ Speed ကြှိုမှင့်တင်မယ်..
ဆော့ဝဲလ်မလိုဘဲ ဒေါင့်လော့ Speed ကြှိုမှင့်တင်မယ်..
by ကွန်ပျူတာနည်းပညာ on Wednesday, October 31, 2012 at 2:05pm ·
ကျွန်တော်တို့...ကွန်ပျူတာတွေမှာ ဒေါင်းလော့အမြနှုန်းကို လူတိုင်း ဖန်တီးယူကြပါတယ်.. တချို့က ဆော့ဝဲလ်တွေ သုံးပြီး ရယူတယ်.. အမျိုးမျိုးပေါ့ဗျာ... ကျနော်  ခု..အင်္ဂလိပ်ဆိုဒ်တစ်ခုကနေ တွေ့ထားဘူးတာလေးရှိတယ်ဗျ... ဘယ်ဆိုဒ်ဆိုတာတော့ မမှတ်မိတော့ဘူးး  နည်းလမ်းလေးကိုဘဲ Note Pad နဲ့မှတ်ထားးဘူးတော့ အဲနည်းလေးကိုဘဲ
အကျယ်တ၀န်းပြန်လည် ရှင်းပြပေးပါ့မယ်.. လုပ်နည်းအဆင့်ဆင့်ကို ပုံလေးတွေ သက်သေပြုလို့
သဘောပေါက်လွယ်စေရန်ပေါ့...ကဲ..ပြောနေကြာတယ်... စကြမယ်..
ပထမဆုံး Run ခေါ်လိုက်ပါ.. မသိတဲ့သူများ Window+R  ကိုတွဲကလစ်ပေးလိုက်ပါ..
ဘောက်လေးခုလိုကျလာမယ်...
ဘောက်ထဲမှာ CMD လို့ရေးပြီးး OK ကလစ်လိုက်ပါ...။
ခုမြင်ရတဲ့ ပုံလေးကျလာပါပြီ အဲမှာ အပေါ်ပုံပြထားသလို မှိတ်တုတ်  မှိတ်တုတ် အတုန်းလေးနောက်ကနေ....  "ipconfig" ဆိုပြီးရိုက်ထည့်လိုက်ပါ ပြီးတာနဲ့ Enter ခေါက်ပါ။
ခုလို ပုံထပ်ကျလာပါ့မယ်..ကျလာတဲ့အတိုင်းအပေါ်ဆုံးကို ကြည့်လိုက်ပါ........
Default Getway ဆိုတာနောက်မှာ ပုံပြထားတဲ့နေရာပေါ့  မိမိတို့ ရဲ့ IP နံပါတ်လေးတွေ ရှိနေပါ့မယ်..  ဥပမာ ။     ။  192.161.1.221  ဆိုသလို နံပါတ်လေးတွေကို ကော်ပီယူလိုက်ပါ။
                                  မိမိတို့ရဲ့  Nope Pad ကိုဖွင့်လိုက်ပါ။
 Nope Pad ထဲမှာ   Ping Gateway Ip "  အပေါ်ကကော်ပီယူထားသော IP နံပါတ်ကိုထည့်ပါ  "  
နံပါတ် ( ) မှာပြထားသလိုလေးရေးချလိုက်ပါ  "    "  ကြားမှာ မိမိတို့ အပေါ်ကယူလာသော နံပါတ်တွေ ထည့်ပေးလိုက်ပါ။
နံပါတ် ( ) မှာပြထားသလို  save ရပါမယ်.. အပေါ်က file ဆိုတာကလစ်ပါ  save ကိုကလစ်ပါ..
ပုံမှာ ပြထားသလို နံပါတ် ()  အတိုင်း File Name နေရာမှာ  SpeedUp.bat ဆိုတာလေးရေးပြီး ဆေ့ပေးရမှာပါ...နော်...
ဆေ့တဲ့အခါမှာ မိမိတို့ အလွယ်တကူ ယူနိုင်တဲ့ နေရာမှာ နေရာချပေးလိုက်ပါ...
အိုကေ.. ဆေ့ထားတဲ့ ဖိုင်လေးကို သွားလိုက်ပါ... ကျနော်ဆေ့ထားတဲ့ ဖိုင်လေးပါ... သည်လိုလေးတွေ့မယ်.. သူ့ကို double ကလစ်ပြီး run ပေးလိုက်ပါဗျာ...
မိမိတို့ ကွန်ပျူတာ ဒေါင်းလော့ speed လေးအရင်ထပ် ပိုမြန်လာမှ သေခြာပါတယ်...
ကျေးဇူးတင်ပါတယ်...
အောင်အောင်(မကစ)
ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
အဆင်မပြေတာများရှိခဲ့ပါက...