အရင် Huawei ဖုန်းတွေဟာ Root
မလုပ်ပဲနဲ့ မြန်မာ ဖောင့်ကို ထည့်လို့မရပါဘူး။ ဒါပေမယ့် CWM ကို တော့
သွင်းလို့ရတာကို တွေ့ရပါတယ်။ CWM သွင်းပြီးရင် Root လုပ်ဖို့
လွယ်သွားပါပြီ။ သို့သော်လည်း ကိုယ့်ရဲ့ ဖုန်းကို Root မလုပ်ချင်သူများအတွက်
ဒီနည်းကို အသုံးပြုလို့ရပါတယ်။ CWM သွင်းလို့ မရတဲ့ ဖုန်းတွေအတွက် ဒီနည်းက
အဆင်မပြေသေးပါဘူး။ အခုကျွန်တော် ပြောပြပေးမှာကတော့ Huawei မှာ Root
မလုပ်ပဲ မြန်မာစာ၊ တရုတ်စာ ၊ အင်္ဂလိပ်စာ များကို အဆင်ပြေပြေသုံးနိုင် အောင်
ဖောင့်ထည့်သွင်းနည်းဖြစ်ပါတယ်။
လိုအပ်သော HWMMFont.zip ကိုဒေါင်းပါ
down ၍ ရလာသော HWMMFont.zip ကို sd card ထဲထည့်ပါ။
၁။ CWM သွင်းနည်း
Huawei ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။
၂။ မြန်မာဖောင့်ထည့်နည်း
CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်းကြောင့်ဖြစ်သည်။)
ပြီးလျှင် install zip from sdcard > choose zip from sdcard > HWMMFont.zip ကို update လုပ်ပါ။main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာ တွေကို ဖတ်လို့ ရေးလို့ရပါပြီ။ ရေးဖို့အတွက် Frozen keyboard ကိုတော့ ဒီနည်း အတိုင်း factory reset ချတောင် မပျောက်အောင် ထည့်လိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ............