Friday, January 3, 2020

မြန်မာဗုဒ္ဓဘာသာ လက်ထပ်မှုအကြောင်း

မြန်မာဗုဒ္ဓဘာသာလက်ထပ်မှုအကြောင်းသိကောင်းစရာများ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မြန်မာဗုဒ္ဓဘာသာအမျိုးသားတစ်ဦးသည်မည့်သည်အချိန်တွင်မှလက်ထပ်ရမည်ဟုမကန့်သတ်ထားပါ။ ယောက်ကျားကလေးသည်ကိုယ်ကာယဖွံ့ဖြိုး၍ကျန်းမာသန်စွမ်းလျှင်မည့်သည့်အချိန်မဆိုလက်ထပ်နိုင်သည်(မောင်သိန်းမောင်ပါ၃ နှင့်မစော ၆ ရန်ကုန်၃၄၀) သို့ရာတွင် မိန်းကလေး၌မှု အသက်ကန့်သတ်ထားပါသည်။မိန်းကလေးသည်အသက် ၂၀ ကျော်လျှင်မိဘအုပ်ထိမ်းသူ၏ခွင့်ပြုချက်မလိုပါ။အသက်၂၀ကျော်သောမိန်းကလေးသည် မိဘခွင့်ပြုချက်ဖြင့်လက်ထပ်နိုင်ပေ့မဲ့ အသက် ၁၄ နှစ်အောက်ဖြစ်နေလျှင်လက်ထပ်သောလင်ယောက်ကျားနှင့်ခွင့်ပြုသောမိဘများပါ ရာဇဝတ် ပြစ်ဒဏ်ထိုက်သင့်ပါသည်(ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်မောင်ပြူးပါ၂ ၁၉၆၅ မတစ ၄၈၆)။မိန်းကလေးသည် မုဆိုးမ ၊တစ်ခုလပ် ဖြစ်လျှင်အသက် ၂၀ မပြည့်စေကာမူမိဘသဘေတူခွင့်ပြုချက်မလို။ ဗုဒ္ဓဘာသာဝင်များလက်ထပ်ရာတွင်လွတ်လပ်သောသဘောဆန္ဒပေးရသည်(မအေးမယ်ပါ၂ နှင့်မကြည်ကြည်ပါ၂ ၁၉၄၈ မတစ ၆၂၅)။ လက်ထပ်ရာတွင်ဥပဒေအရအခမ်းအနားမလို၊ လက်ထပ်စာချုပ်မလို သို့သော် ပြုလုပ်ထားလျှင် အကယ်၍တရားဝင်လင်မယားအရာရောက်/မရောက်အငြင်းပွားရာတွင်သက်သေခံအဖြစ်အသုံးပြု နိုင်သည်။အကယ်၍အခမ်းအနား၊လက်ထပ်စာချုပ်မပြုလုပ်ထားလျှင်လည်း တရားဝင်လင်မယားအရာရောက်/မရောက် ကို အကြင်ယောက်ကျားနှင့်မိန်းမတို့၏ပြု မူနေထိုင်ဆက်ဆံပုံ နှင့် ကျော်ဇောသတင်းကိုအခြေခံ၍အဆုံးဖြတ်ပေးသည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ယောက်ကျားတစ်ဦးဟာမိန်းမတစ်ဦးထက်ပိုယူခွင့်ရှိသည်။ထို့ကြောင့်ပထမ မယားရှိသော်လည်းနောက်ထပ်ယူ၍ရပါသည်။သို့ရာတွင်လက်ထပ်မည့်မိန်းကလေးတွင်မူမပြတ်စဲနိုင်သေးသောတရားဝင်လင်ယောက်ကျားမရှိရပါ။တရားဝင်လင်ယောက်ကျားရှိသောမိန်းမနှင့်ပေါင်းသင်းသောယောက်ကျားအားပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇ အရအရေးယူနိုင်ပေသည်။ မိန်းကလေးသည်အသက် ၁၆ နှစ်အောက်ဖြစ်နေပါက မိဘများသဘောမတူလျှင်လူခိုးမှုဖြင့်အရေးယူခံရမည်ဖြစ်ပါသည်။ရာဇသတ်ကြီးတွင်လူခိုးမှုကိုထောင်ဒဏ် ၇ နှစ်ထိအပြစ်ပေးနိုင်ကြောင်းဖော်ပြထားပါသည်။

No comments:

Post a Comment