Tuesday, October 30, 2012

Android Version 4.0နှင့်အထက် ဖုန်းတွေကို အသုံးပြုကြတဲ့ သူတွေအတွက် Internet Setting ထည့်နည်း

Android Version 4.0နှင့်အထက် ဖုန်းတွေကို အသုံးပြုကြတဲ့ သူတွေအတွက် Internet Setting ထည့်နည်း

Written by အောင်စိုး on . Posted in Local News
Android ဖုန်းတွေက တဖြည်းဖြည်း အသစ်တွေ ထွက်လာ ကြတယ် ဆိုတော့ အသစ် ထွက်လာတဲ့ ဖုန်းတွေမှာ Android Version တွေက တစ်ခုနဲ့ တစ်ခု မတူကြတော့ ပါဘူး။ ဒါကြောင့် ဖုန်းရဲ့ setting တွေလဲ တူညီမှု မရှိ တော့ပါဘူး။ Android Version 4.0 နှင့် အထက် ဖုန်းတွေကို အသုံးပြုကြတဲ့ သူတွေ အတွက် Internet Setting ထည့်နည်းလေး ပြောပြ လိုက်ပါတယ်။ Internet Setting ကတော့ Android ဖုန်း ဘယ်အမျိုးအစား မဆို ထည့်နည်း ကတော့ အတူတူ ပါဘဲ။ သို့သော် Setting တွေ ကတော့ ကွဲပြား နေပါ လိမ့်မယ်။ Android Version 4.0 မှာ
Internet Setting ထည့်မယ် ဆိုရင် setting ထဲကို အရင်သွား လိုက်ပါ။ Setting ထဲမှာ Wlan, Bluetooth တို့ အောက်က more ကို နှိပ်ပါ။ Mobile Networks ရွေးပြီး Access Point Names ထဲကို ၀င်လိုက်ပါ။ APNSကို တွေ့ရင် Home Screen ပြန်သွားတဲ့ ခလုတ် ဘေးက menu ကို နှိပ်ပြီး New APN ကို ရွေးလိုက်ပါ။ Internet Setting စပြီး ချိန်ပါ တော့မယ်။ အခု ပြောပြခဲ့ တာတွေက CDMA ရော GSM ပါ အတူ တူပါဘဲ။ Internet Setting ချိန်ရမယ့် စာတွေသာ ပြောင်းသွား မှာပါ။ အရင်ဆုံး GSM အတွက် Internet Setting စချိန်းပါမယ်။ New APN ရဲ့ အောက်မှာ Nameကို MPT လို့ ရိုက်၊ APNက mptnet၊ Username နဲ့ Password ကို ကြိုက်တာ ထည့်ပေးလို့ ရပါတယ်။ MCC တို့ MNC တို့က setting အသေ ဖြစ်နေ ပါလိမ့်မယ်။ Authentication type ကို PAPH or CHAP လို့ ရွေးလိုက်ပါ။ Setting တွေ ထည့်ပြီးရင် menu ခလုတ်ကို နှိပ်ပြီး save လိုက်ပါ။ ဒါဆို GSM အတွက် Internet Setting ချိန်လို့ ပြီးပါပြီ။ Data Enabled ခလုတ်ကို On ပေးလိုက်ရင် H,E ပေါ်နေရင် Internet သုံးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ CDMA အတွက် Internet Setting ဆိုရင်လဲ အနည်းငယ်ဘဲ ကွဲပြားမှာ ဖြစ်ပါတယ်။ CDMA အတွက် Internet Settingက Name မှာ MPTပါဘဲ။ APN မှာ #777၊ Username မှာ ----@c800.mm (---- နေရာကြိုက်တဲ့ နာမည် ထည့်လို့ ရပါတယ်)၊ password ကြိုက်ရာ ဖြည့်ပါ။ Authentication type မှာ CHAP ကို ရွေးပေးပါ။ APN type ကို default ရွေးလိုက်ပါ။ Data bearerမှာ package Data ကို On ပေးပါ။ Prompt password #777 လို့ ရိုက်လိုက်ပါ။ Menuကို နှိပ်ပြီး Save ကို နှိပ်ပါ။ MPT ကို ON ပေးပါ။ Data Enabled ခလုတ်ကို On ပေးလိုက်ရင် 3G ကို တွေ့တာနဲ့ Internet သုံးလို့ ရပါပြီ။

No comments:

Post a Comment