Tuesday, October 30, 2012

Call Recorder Pro


Call Recorder Pro


Call Recorder တွေကို ကြိုက်တဲ့သူ သုံးတဲ့သူတွေ များပါလိမ့်မယ် ။ ဒါပေမယ့် Call Recorder တွေ သုံးပီးဆိုရင် ကိုယ်ပြောတဲ့အသံက ကျယ်နေပီး တခြား ၁ ဖတ်က ပြောတဲ့ အသံတွေတိုးနေတတ်ပါတယ် ။ ပြန်နားထောင်တယ် ဆို အဆင်မပြေဖြစ်ပါတယ် ။ ဒါက ဘာဖြစ်လို့လဲ ဆိုရင်တော့ Call Recorder တော်တော်များများက အသံကို MIC က ဖမ်းလို့ပဲ ဖြစ်ပါတယ် ။ MIC က ဖမ်းတဲ့အတွက်ကြောင့် MIC က ဟိုဘက်က အသံဆို တိုးတိုးကြားရတဲ့အတွက် အသံတိုးသွားစေပီး ကိုယ်ပြောတဲ့အသံကျတော့ သူဖမ်းတဲ့နေရာကို တိုက်ရိုက်ဝင်တော့ အသံကကျယ်သွားလို့ပါ ။ အဲ့လို ပြဿနာတွေကို ဒီ Call Recorder Pro လေးက ဖြေရှင်းပေးပါလိမ့်မယ် ။

  

Call Recorder ကို အသိ ၁ ယောက်ညွှန်းလို့ရှာရင်း Pro တွေ့တာနဲ့ Pro ကို စမ်းကြည့်လိုက်တော့ တော်တော်သဘောကျစရာ တွေ တွေ့ရပါတယ် ။ သုံးရတာ ရှင်းတယ် ။ Function တွေ လိုသလိုပြောင်းနိုင်တယ် ။ ၁ ခါမှတ်ပီး တိုင်း ၁ ခါ မေးစေခြင်လား ရပါတယ် ။ မမေးစေချင်ဘူးလား ဖြစ်ပါတယ် ။ Audio Source ကို MIC နဲ့ Phone Line ၂ ခု ချိန်းလို့ရပါတယ် ။ အပေါ်က တခြား ဖတ်က အသံတိုးခြင်းကို Phone Line ကို ရွေးခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ် ။ (ကျွန်တော့် ဖုန်းမှာတော့အဆင်ပြေပါတယ် -S E X Neo- ) Fiel format က လည်း ရွေးလို့ရပါတယ် .. MP3 ဖိုင်တွေနဲ့ မရောသွားတဲ့ အတွက်လည်း အဆင်ပြေတဲ့အချက်ဖြစ်ပါတယ် ။ တခြား ဟာလေးတွေတော့ စမ်းကြည့်ပေါ့နော် ။ သုံးချင်တယ်ဆို အောက်က သူ့ရဲ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။

No comments:

Post a Comment