Tuesday, October 30, 2012

မည်သည့် ဗီဒီယို ဖိုင်မဆို အိုင်ဖုန်းပေါ်တွင် VLC Media Player ဖြင့် ဖွင့်နိုင်ပြီ

မည်သည့် ဗီဒီယို ဖိုင်မဆို အိုင်ဖုန်းပေါ်တွင် VLC Media Player ဖြင့် ဖွင့်နိုင်ပြီ


သင့် အိုင်ဖုန်းတွင် ဗီဒီယိုဖိုင်များ ဖွင့်ရန် convert လုပ်ခြင်းကို မေ့လိုက်ပါ။ VCL Media Player app ကို iPad အတွက် စက်တင်ဘာလတွင် ပထမအကြိမ် ထုတ်လွှတ်ခဲ့ပြီး ယနေ့တွင် iPhoneနှင့် iPod အတွက် ထုတ်လွှတ်ကာ မည်သည့်ဗီဒီယိုဖိုင်မဆို လက်တွေ့ကျကျ ကောင်းမွန်စွာ ဖွင့်နိုင်မည် ဖြစ်သည်။ vlc-iphone
ဤ app သည် VideoLAN ပရိုဂျက်၏ extension တခုဖြစ်ပြီး အခမဲ့ မီဒီယာဆော့ဝဲယားသည် မည်သည့် ဗီဒီယိုဖိုင် format မဆို ဖွင့်နိုင်သည်။ အိုင်ဖုန်း OS app သည် Apple ၏ မိုဘိုင်း device များဆီ ချောမောစွာ ယူဆောင်ပေးသည်။
ယခင်က အိုင်ဖုန်းပေါ်တွင် ဗီဒီယိုများ ဖွင့်ရန် MPEG-4 video format ကို ပြောင်းပေးရသည်။ ထို့အတွက်ကြောင့် သင့် ကွန်ပျူတာ horsepower နှင့် ဗီဒီယိုဖိုင် အရွယ်အစားပေါ်မူတည်ပြီး အချိန်များစွာ ပေးရသည်။ ယခုတွင် ဗီဒီယိုဖိုင်  format များဖြစ်သည့် Divx, Xvid နှင့် Matroska (.MKV) အပါအ၀င် မည်သည့် formats မဆို iTunes မှတဆင့် အိုင်ဖုန်းဆီသို့ သင်သည် အလွယ်တကူ ဆွဲချနိုင်သည်။
VLC app သည် iPhone 4, iPhone 3G S နှင့် နောက်ဆုံး မျိုးဆက် iPod Touch တို့တွင်သာ အလုပ်လုပ်သည်။ Android ဗားရှင်းအတွက်မူ မရရှိနိုင်သေးပေ။ သို့သော်  VideoLAN project သည် open source ဖြစ်သောကြောင့် မကြာမီ ရရှိနိုင်လိမ့်မည် ဖြစ်သည်။

No comments:

Post a Comment