Tuesday, October 30, 2012

hand set တစ်လုံးဝယ်တော့မယ်ဆိုရင်.....

Handset တစ်လုံးဝယ်တော့မယ်ဆိုရင် သတိထားရန်

by July Min Min on Wednesday, 24 October 2012 at 11:20 ·
Handset  တစ်လုံးဝယ်တော့မယ်ဆိုရင် သတိထားရန်
         Handset တစ်လုံး ဝယ်တော့မယ်ဆိုရင် လူတိုင်းပဲ  Handset အမျိုးအစားကိုရွေးကြသလို ဈေးနှုန်းချိုသာပြီး service ပေးနိုင်မယ့် ဆိုင်မျိုးကို လူတိုင်းမျက်စိကျကြမှာ အမှန်ပါ ... လှည်းတန်း စံရိပ်ငြိမ်မှာရှိတဲ့ touch mobile ဆိုင်ကတော့ အပေါ်ယံကြည့်ရင် သူပတ်ဝန်းကျင်မှာရှိတဲ့ mobile ဆိုင်တွေထက် ဈေးချိုပြီး service warranty ၃လပေးတဲ့အတွက် ကိုယ်ဝယ်တဲ့ ဖုန်းမှာ စိတ်ချရပြီ ထင်ရသယောင်ရှိပါတယ် ...
ပုံထဲက samsaung mini2 ဟာဆိုရင် တစ်လနဲ့  ၁၇ရက်သာ သုံးရသေးပြီး ပါဝါသေသွားတဲ့ဖုန်းပါ ဈေးနှုန်းအရ ၁၃၂၀၀၀ ( တစ်သိန်းသုံးသောင်းနှစ်ထောင် ) ပေးရပြီး ပိုမိုစိတ်ချရအောင်ပင် ဝယ်ကတည်းက ဆိုင်မှာ 5000 ( ငါးထောင် ) ပေး၍ software package လိုက် တစ်ပါတည်း ထည့်ခဲ့ပါတယ် ... ပါဝါမှိတ်ပြီး ပြန်ဖွင့်မရတဲ့အတွက် သွားပြသော်လည်း " ပြင်မရတော့ဘူး ပြန်ယူသွား " ဆိုပြီး လက်လွှတ်စပယ်ပြောလွှတ်တတ်တဲ့ဆိုင်မျိုးပါ ... သိန်းကျော်တန်ဖုန်းတစ်လုံးကို တစ်လကျော်သာသုံးရပြီး ဘာမှ တာဝန်ယူလုပ်ဆောင်မပေးနိုင်တဲ့အပြင်  CPU ကြွရတဲ့ အကြောင်းအရင်းက ဘာကြောင့်လို့ customer တစ်ယောက်ကို ကျေနပ်အောင်တောင်မပြောနိုင်ကြပါ
ဘူး ...
" ကျွန်တော်တို့ ဆိုင်က စင်္ကာပူက ပစ္စည်းတွေ တင်သွင်းတာပါ ... တင်သွင်းထဲက warranty မပါတဲ့အတွက် ပျက်သည်ရှိသော် ကျွန်တော်တို့လဲ တာဝန်မယူနိုင်ပါဘူးတဲ့  ... service အရ သာ ဖုန်းဆိုင်ဖြစ်သည့်အတွက် လုပ်ပေးရခြင်းပါ " လို့ တာဝန်ကျတဲ့ supervisor ကိုပြည်ဖြိုးဆိုတဲ့လူက ပြောပါတယ် ... service အရ cpu မလောင်ခင် သွားပြတုန်းက သေချာမကြည့်ပဲ အရမ်းပူပြီး cpu လောင်ကာမှ " လဲလို့ရရင်တော့ လဲပေးပါမယ် တန်ဖိုးအရ ၉၀၀၀၀ ( ကိုးသောင်း ) ဝန်းကျင်လောက် ထပ်ပေးရမယ် " ပြောပါတယ် ... စိတ်မချရတဲ့ ပစ္စည်းတွေနဲ့ ရောတင်တဲ့ဆိုင်တစ်ဆိုင်ကနေ စိတ်မချတဲ့စက်စုတ်တစ်လုံးကို ၉၀၀၀၀ လောက်ထပ်တောင် ကိုယ်ကအလိုက်ပေးပြီး ပြန်ပြင်သုံးရမယ့်သဘောပါ ... ထို့ကြောင့် ဈေးချိုတာကို မမြင်ပါနဲ့ service warranty ပေးတယ်ဆိုပြီး မမက်ပါနဲ့ သူတို့ service ပေးတဲ့ ဘောင်ချာစာရွက်မှာတင်ရေးထားပါသေးတယ် ... ပြင်နေစဉ် ပါဝါသေခဲ့ရင်တောင် တာဝန်မယူပါတဲ့ ကိုယ်ဝယ်ပြီးတဲ့ ပစ္စည်း ဟာ ကံစမ်းမဲ နှိုက်ရသလို ကိုယ့်ကြောင့်မဟုတ်လဲ ကိုယ်ခံရဖို့အသင့်ပါ ... service ပေးသလိုနဲ့ ဈေးချိုသလိုနဲ့ ကျွန်တော့လို ခုလိုအဖြစ်မျိုးမကြုံကြဖို့ သတိထားရန် သက်သေနှင့်တကွ ဖော်ပြလိုက်ပါတယ် ...

သတိထားရမယ့် ဆိုင်လိပ်စာကတော့

Touch Mobile

No.49(B)Yangon-Insein Road Between Hladan & Sanyeiknyein , Kamaryut Township , Yangon
Ph : 01-500155,500177,09-73003388,73003399 ပါ ခင်ဗျာ



No comments:

Post a Comment